မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနှမ်းနက်ခေါ် စမုံနက်နှမ်းများ ရိတ်သိမ်းအထွက် နှုန်းကောင်း၍ ဈေးနှုန်းကောင်းရရန်မျှော်လင့်

ပေါက် ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနှမ်းခေါ်စမုံနက်နှမ်းများစတင် ရိတ်သိမ်းနေပြီဖြစ်ရာ အထွက်နှုန်းကောင်းပြီးဈေးနှုန်းကောင်းရန် မျှော်လင့်နေရကြောင်း သိရသည်။

ပေါက်မြို့နယ်တွင် ဆောင်းနှမ်းနက်ခေါ် စမုံနက်နှမ်းနက်စိုက်ပျိုးရန်အတွက် မိမိတို့ယာမြေများကို ဝါခေါင်လမှ စတင်၍ ထယ်ရေး ညက်ညက်ထွန်ယက်ကာ အောက်ခံမြေသြဇာများ ထည့်သွင်းနှပ်ထားပြီး တော်သလင်းလတွင် စတင်ကြဲပက်စိုက်ပျိုးခဲ့ရာ အပင်ပေါက်ချိန် မိုးရွာသွန်းမှုကောင်းမွန်ပြီး အပင်များဖြစ်ထွန်းအောင်မြင်ကာ ဆောင်းတွင်း ဝင်ရောက်လာချိန် နှင်းကျအားကောင်မွန်၍ အအေးဓာတ်ဖြင့် ဆက်လက်အပင်များ ဖြစ်ထွန်း အောင်မြင် ၍ တန်ဆောင်မုန်းလဆန်းမှစတင်ကာ နှမ်းနက်များကို ရိတ်သိမ်းလေ့ ရှိကြောင်း သိရသည်။

ပေါက်မြို့နယ်အတွင်းရှိ ကျေးလက်နေတောင် သူများအနေဖြင့်ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းကို မိုးကြိုရေသွင်း နှမ်း၊ မိုးဦးနှမ်းလျင်နှင့် မိုးနှောင်းဆောင်းနှမ်း ဟူ၍(၃) မျိုးခွဲခြားစိုက်ပျိုးကြရာ မိုးကြိုရေသွင်း နှမ်းကတော့ အနည်းငယ်သာရရှိ၍၊ မိုးဦးနှမ်းလျင်ကတော့ စိုက်မိုးသာရွာသွန်းပြီး အပင်ဆက်လက်ဖြစ်ထွန်းရန် မိုးရွာသွန်းမှု နည်းပါးသောကြောင့် မျိုးဆုံးသလောက်နီးပါးဖြစ်ခဲ့ရကြောင်း လက်ရှိဆောင်းနှမ်းစိုက် ပျိုးသည့် တောင်သူများ အောင်မြင်ဖြစ် ထွန်းကာ နှမ်းစေ့များအရည်အသွေးပြည့်မီကြောင်း၊ မိုးဦး နှမ်းများ ထက်ဆောင်းနှမ်းများက ပိုမိုအထွက်နှုန်း​​ကောင်းမွန်လျက်ရှိပြီး လက်ရှိနှမ်းနက်တစ်တင်း ပခုက္ကူ ပွဲရုံပြတ် စျေးအနေနဲ့ နှမ်းအရည် အသွေးပြည့်ဝ မှုပေါ်မူတည်ကာ ၄၅၀၀၀ ကျပ်မှ ကျပ် ၅၅၀၀၀ ကျော်အထိ တင်ပို့ရောင်းချရပြီး ဆောင်းနှမ်းနက်ခေါ်စမုံနက်နှမ်းစိုက်တောင်သူများ တွက် ခြေကိုက် အဆင်ပြေလျက်ရှိကာ လာမည့်နှစ်မိုးနှောင်းကာ၌ မိုးနှောင်းဆောင်းနှမ်းခေါ် စမုံနက်နှမ်းစိုက်တောင်သူများ ပိုမိုတိုးချဲ့ စိုက်ပျိုးလာမည်ဖြစ်ကြောင်း ပေါက်မြို့နယ် ကျားပစ်ကန်ကျေးရွာနေ နှမ်းစိုက်တောင်သူ ဦးဖိုးဇော်ကပြောပြ၍ သိရသည်။

ဉာဏ်တိုး​(ပေါက်)