လဟယ် ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးအဖွဲ့တို့ဦးဆောင်ပြီး ပိုးလောက်လန်းအန္တရာယ် မကျရောက်စေရန် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ လူနေအိမ်များရှိ သောက်သုံရေကန်များနှင့် ရေအိုးစင်များ၊ ဘုရားပန်းအိုးများအတွင်း အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်များတွင် စစ်ဆေးဆောင်ရွက်ပါသည်။
ထိုသို့ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ လူနေအိမ်များရှိ သောက်သုံးရေကန်များနှင့် အသုံးပြုရေကန်များများအတွင်း မိုးရာသီအချိန် ဖြစ်ပွားတက်သော ဝမ်းလျှော၊ ဝမ်းပျက်ရောဂါများနှင့်
ဆက်ဆက်သော နောက်ဆက်တွဲရောဂါများ ဖြစ်ပွားမှုမရှိစေရန်ရည်ရွယ်ပြီး ကြိုတင်ကာကွယ်တားဆီးမှုအနေဖြင့် အဘိတ်ဆေးထုပ်များခတ်ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)