ဇလွန်မြို့နယ်တွင် (၂၂)ကြိမ်​မြောက် စုပေါင်း ဝါဆိုသင်္ကန်း ကပ်လှူပွဲကျင်းပ

ဇလွန် ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ အကျိုးတော်ဆောင် ဂေါပကအဖွဲ့နှင့် အလှူရှင်များ၏ (၂၂)ကြိမ်​မြောက် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် မဟာအတုလဝေယံ ပြည်တော်ပြန်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ​(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး နာယကဘဒ္ဒန္တသီလဝံသ ဇင်ယော်ကျွန်းကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် နာယကဘဒ္ဒန္တသီလဝံသဇင်ယော်ကျွန်းကျောင်းဆရာတော်က အနုမောဒနာ တရားချီးမြင့်၍ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်ချ အမျှအတန်းပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု ​(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားပြီး​မြောက်ခဲ့သည်။

ဝေယံ - ဇလွန်( ပြန် / ဆက် )