ကြံခင်း ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန်၊ ဗလငါးတန်ပြည်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းက မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများစွာရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ လာရောက်ဟောပြောသော အကြောင်းအရာများကို သေချာမှတ်သားကြရန်နှင့် စိတ်ဝင်စားစွာနားထောင်ကြရန် ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံလာစေရန်၊ စာအုပ်စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန်မြင့်မားရေးအတွက် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသင်ခန်းစာများကို ကြိုးစားအတု ယူတတ်စေရန် မပုကြွယ်နှင့် ခရုငယ်ပုံပြင်အား ဥပမာယူကာ ဟောပြောပြီး ကာယနည်းပြဆရာ ဦးနောင်နောင်က ကျောင်းသား၊ ကျောင်းသူများကို ပုံပြင်တွင် အနစ်သာရရှိသော အကြောင်းအရာများကို သားတို့ သမီးတို့က အတုယူပြီး နိုင်ငံအကျိုးကို သယ်ပိုးနိုင်သော သားကောင်းရတနာများ ဖြစ်နိုင်ကြပါစေ ဆုတောင်းစကားနှင့် ယခုလိုလာရောက် အသိပညာများမျှဝေပေးပါသော မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူမများအား ကျေးဇူးတင်စကားကြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များနှင့် မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ် စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)