စေတုတ္တရာ ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး (Pfizer JN1) ကို ဇွန် (၂၃) ရက်နေ့မှစတင်၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ကာကွယ် ဆေးအားလုံး ထိုးနှံပြီးစီးကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် အသက် (၁၈) နှစ်ပြည့်ပြီး ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံခဲ့ခြင်းမရှိသူများနှင့် ကာကွယ်ဆေးထိုးနှံပြီး (၆) လပြည့်ပြီးသူများ၊ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၀) နှစ်အထက် ပြည်သူများ၊ အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါ ရှိသူများအား (PfizerJN1) ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး အဆိုပါကာကွယ်ဆေးသည် ယခင်ထိုးနှံပေးခဲ့သည့် ကာကွယ်ဆေးများထက် ပိုမိုကောင်းမွန်ပြီးအသွင်ပြောင်း ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲပေါင်းများစွာကို ကာကွယ်ပေးနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ထိုးနှံသင့်သော ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer JN1) ထိုးနှံရန် ဆေးလုံးရေ (၂၀၀) လုံးရရှိပြီး ဆေးတစ်လုံးလျှင် လူ (၆) ဦး ထိုးနှံနိုင်ရာလူဦးရေ (၁၂၀၀) ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးရေးဦးစီးဌာနမှ သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)