ကြံခင်း ဇူလိုင် ၃
ဧရာတတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စံပြဧက ၁၀၀ စိုက်ခင်းတွင် မိုးစပါး ဗျော့ထွန်း ပျိုးထောင်စိုက်ပျိုးနေမှုအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့များက ကွင်းဆင်းကြည့်ရှုအားပေးကြသည်။
အဆိုပါ ရွှေကျောင်းကွင်း၊ ကွင်းအမှတ် ၅၉ ၊ ဦးပိုင်- ၁၄/၃၈၊ တောင်သူ ဦးဩနိုင်၏ လယ်မြေ ၂.၀၀ ဧကတွင် ဗျော့ထွန်းစပါးမျိုးအား ပျိုးထောင်ကာ ကောက်စိုက်လုံမေများဖြင့် စိုက်ပျိုးနေမှုအား မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာနှင့် ဝန်ထမ်းများ၊ မြို့/ရပ်ကွက်လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့တို့က ကြည့်ရှုအားပေးကြပြီး တောင်သူများအား ကြဲခင်းစနစ်လျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပြီး ကောက်စိုက်လုံမေများကို ချီးမြှင့်ငွေများပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)