စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ ၂၀၂၅-ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ‌ကျင်းပ

မုံရွာ ဇူလိုင် ၃

စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ ၂၀၂၅-ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီက မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ အ.လ.က(ခွဲ)‌ မြို့သစ်(၁)ကျောင်းဝန်းအတွင်၌ကျင်းပ ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး(ယာယီ) ဒုတိယရဲမှူးကြီးတင်အောင်၊ ခရိုင်လဝကမှူး ဒုတိယညွှန်ကြား‌ရေးမှူး ဦးရဲနောင်၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းတို့က စိုက်ပျိုးမည့်ပျိုးပင်များအား ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ပြီး၊ သတ်မှတ်နေရာများတွင် စိန်ပန်းကြီး၊ ခရေ၊ တပေဘူတ၊ ငုရွှေဝါ ပန်းအလှပင် (၇၈)ပင်နှင့် တမာ၊ မယ်ဇလီ၊ ပန်းမယ်ဇလီ၊ ဗန်ဒါ၊ မယ်ဇယ်၊ ရေတမာ အရိပ်ရအပင်(၂၂၂)ပင် စုစုပေါင်း(၃၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပျိုးပင်များစုပေါင်းစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)