ရွှေဘိုတက္ကသိုလ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးရေးရာအဖွဲ့ချုပ်အကြောင်း သိကောင်းစရာနှင့် ယဉ်ကျေးမှုစာတမ်းဖတ်ပွဲ ကျင်းပ

ရွှေဘို ဇူလိုင် ၃

စစ်တိုင်းဒေသကြီး ရွှေဘိုမြို့၌ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးရေးရာအဖွဲ့ချုပ်အကြောင်း သိကောင်းစရာနှင့် ယဉ်ကျေးမှုစာတမ်းဖတ်ပွဲ အခမ်းအနားကို ဇူလိုင် ၁ ရက်နေ့ နံနက် (၁၀)နာရီတွင် ရွှေဘိုတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေးနွေးလင်းမှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့အနေဖြင့် “အမျိုးသမီးဘဝဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစို့” ဆောင်ပုဒ်နှင့်အညီ အမျိုးသမီများဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက် မားမားမတ်မတ် ခိုင်ခိုင်မာမာရပ်တည်ကာ သမိုင်းအစဉ်အလာမပျက် မြန်မာအမျိုးသမီးများ၏ ဂုဏ်ရောင်ထွန်းပြောင်စေပြီး နိုင်ငံတော်အတွက် အားထားရတဲ့အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိပါကြောင်း ပြောကြားခဲ့ပြီးနောက် ရွှေဘိုတက္ကသိုလ် တွဲဖက်ပါမောက္ခဒေါ်သီတာစိန်မှ ယဉ်ကျေးမှု စာတမ်းဖတ်ကြားပေးခဲ့သည်။ ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ တွဲဖက်ပါမောက္ခ ဒေါ်သီတာစိန်အား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေး စောင့်ရှောက်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီးနှင့်ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)