ဓနုဖြူ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့မဈေးအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပျံနှံ့မှု မရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၇ နာရီအချိန်ခန့်က မြို့မဈေးအတွင်း အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများ၊ ဈေးခုံတန်းများတွင် ရောင်းချနေသည့် ဈေးသည်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် စည်းကမ်းချက်နှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်နိုင်ရေး အသိပညာပေး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)