လင်းခေး ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးတွင် ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နေ့လယ် ၂ နာရီအချိန်ခန့်က ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်က ကော်မတီ၏ လုပ်ငန်းတာဝန်များ ရှင်းလင်းဆွေးနွေးပြီး အဖွင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်နှင်းနှင်းဝေက လုပ်ငန်းကြီး ၇ ရပ် ဖြစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုများအား မြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများ စောင့်ရှောက်ရေး လုပ်ငန်း၊ ထောက်ပံ့ပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကြောင်း ရှင်လင်းသည်။
လင်းခေးခရိုင်ရဲတပ်ဖွဲ့မှူးက ကလေးသူငယ်များနှင့် ပတ်သက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် မြို့နယ် ဆရာဝန်ကြီးက မျိုးဆက်ပွားလုပ်ငန်း၊ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း၊ ထောက်ပံ့ပေးရေးနှင့် အသိပညာပေးခြင်း လုပ်ငန်းများ အကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။
သန်းမြင့် ခရိုင် ( ပြန်ဆက်)