စလင်းမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စလင်း ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားအစည်းအဝေး ခန်းမဆောင်၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး  တက်ရောက်လာကြသည့်   ဌာနဆိုင်ရာများက လုပ်ငန်းများအား ဌာနအလိုက်တင်ပြဆွေးနွေးခဲ့ရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲဦးစီးဌာနအား ရေသိုလှောင်ထားရှိမှု၊ သစ်တော၊ စိုက်ပျိုးရေး၊ လျှပ်စစ်၊ ကျန်းမာရေးဦးစီးဌနနှင့်  သက်ဆိုင်ရာဌာနများအလိုက်  ဆောင်ရွက်ထားရှိမှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို  ဌာနဆိုင်ရာအလိုက်  ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာကောင်းမွန်စေရေနှင့် မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်လှပစေရန် ဆောင်ရွက်ထားရှိမှုများ  စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေသြဇာသိုလှောင်ထားရှိမှု ဖြန့်ဝေနည်းစနစ်များ မြို့နယ်သမချေးငွေကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ပြီး  ရွေးကောက်ပွဲကော်မရှင်မှ နည်းဥပဒေ သစ်များ ထွက်ရှိလာပါက ပြန်လည်ချိတ်ဆက်နိုင်ရေး ဆောင်ရွက်ထားရမည့် ကော်မရှင်ကိစ္စရပ်များအားမေးမြန်းခဲ့ရာ မြို့နယ်ကော်မရှင်မှ ဆောင်ရွက်ထားရှိမှုများအား ပြန်လည်ဆွေးနွေးတင်ပြခဲ့သည်၊ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တက်ရောက်လကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 မောင်လွင်(စလင်း)