မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အိမ်တွင်းမြန်မာမုန့်လုပ်နည်းသင်တန်းဖွင့်လှစ်

မြန်အောင် ဇွန် ၃၀

၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ အမျိုးသမီးများစွမ်းပကားမြင့်မားရေး အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အိမ်တွင်းမြန်မာမုန့်လုပ်နည်းသင်တန်းကို ယနေ့နံနက်က မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာသင်တန်းတွင် မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းက ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် အိမ်တွင်း မြန်မာမုန့်လုပ်နည်းသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အခမ်းအနားတွင် မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းက သင်တန်းနည်းပြဆရာမများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

သင်တန်းကို မြန်အောင်ခရိုင်အတွင်းရှိ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ သင်တန်းသူ(၃၀)ဦး တက်ရောက်ပြီး သင်တန်းတွင်နည်းပြဆရာမက စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်