မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စု၌ အောင်နိုင်တိုး(မျိုးစေ့ထုတ်) စံပြစိုက်ခင်းစိုက်ပျိုးနေမှုအား မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကြည့်ရှုအားပေး

မြန်အောင် ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စု ကွင်းအမှတ် ၂၃၇ က၊ ဦးပိုင်အမှတ် ၈၁ တောင်သူ ဦးအောင်မင်းထွန်း၏ လယ်မြေ ၂ ဧကတွင် ယမန်နေ့နံနက်က အောင်နိုင်တိုး(မျိုးစေ့ထုတ်) စံပြစိုက်ခင်း စိုက်ပျိုးနေမှုအား မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုအားပေးခဲ့ကြသည်။

အောင်နိုင်တိုး(မျိုးစေ့ထုတ်) စံပြစိုက်ခင်း (၂)ဧကတွင် ပေါင်ပျိုးစနစ်ဖြင့် ပျိုးထောင်ပြီး အတန်းလိုက်စိုက်စနစ်ဖြင့်စိုက်ပျိုးနေမှုအား မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်လင်းတို့က ကြည့်ရှုအားပေးခဲ့ကြပြီး ဒေသခံတောင်သူများအား မိုးစပါးအထွက်နှုန်းတိုးတက်စေရေးအတွက် ကြဲခင်းစနစ်ပပျောက်ရေး၊ သီးနှံစိုက်စွမ်းအားမြှင့်တင်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ဆွေးနွေးပြောကြားခဲ့ကြသည်။

ဝင်းဗိုလ်(ပြန်/ဆက်)