မြန်အောင် ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၇ ရက်နေ့ နံနက်က နွယ်ငြိမ်းတောင်ပေါ်ကျောင်းဝင်းအတွင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဦးစွာ သစ်ပင်စိုက်ပျိုးရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များက တက်ရောက်လာသူများကို ပျိုးပင်များ အသီးသီးဖြန့်ဝေပေးအပ်ခဲ့ပြီး မယ်ဇယ်ပင်အား ဦးဆောင် စိုက်ပျိုး၍ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများကလည်း သတ်မှတ်နေရာ အသီးသီးတွင် သစ်ပင်စိုက်ပျိုးခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ဒေသနှင့် ကိုက်ညီသည့် သစ်မျိုးများ၊ အဖိုးတန် သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန် သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများဖြစ်သည့် ကျွန်း၊ ပိတောက်၊ မန်ဂျန်ရှား၊ ခရေ၊ ဗန်ဒါ စသည့်သစ်မျိုး (၁၁)မျိုး စုစုပေါင်း ၁၁၀၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ သစ်ပင် စိုက်ပျိုး အခမ်းအနားသို့ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်အောင်ရေနံမြေမှ ဝန်ထမ်းများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်အောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ (၃၁၅) ဦး တက်ရောက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင်)