လပွတ္တာမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

လပွတ္တာ ဇွန်လ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က လပွတ္တာခရိုင်၊ (၃)မိုင်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်မော်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်းနှင့် အဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိနွယ်နှင့် အဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးကျော်ဝင်းနိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံပြည်သူများက မန်ဂျန်ရှားပင် (၃၀၀)ပင်၊ ခရေ (၂၅၀)ပင်၊ ကံ့ကော် (၅၀)ပင်၊ စိန်ပန်း (၅၀)ပင်၊ မဟော်ဂနီ (၁၀၀)ပင်၊ ကျွန်း (၂၀)ပင်၊ ရေတမာ (၅၀)ပင်နှင့် ငုရွှေဝါ (၅၀)ပင် စုစုပေါင်း ပျိုးပင်ပေါင်း (၅၇၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)