လပွတ္တာမြို့နယ်၌ အခွန်ပညာပေးဆွေးနွေးပွဲ ကျင်းပ

လပွတ္တာ ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌ ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲကို ဇွန်လ ၂၆ ရက်နေ့က လပွတ္တာမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အဆိုပါရှင်းလင်းပွဲတွင် လပွတ္တာမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးရဲခေါင်ထွန်းက ပြည်တွင်းအခွန်များဦးစီးဌာန၏ လိုက်နာကျင့်သုံးနေသော အခွန်ဆိုင်ရာဥပဒေများ၊ တာဝန်ယူကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ လိုက်နာဆောင်ရွက်ရန်အချက်များ၊ အခွန်အကြောင်း သိကောင်းစရာများ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့် တည်ဆဲအခွန်များဥပဒေအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)