ဟင်္သာတမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဟင်္သာတ ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် ကနောင်စုရပ်ကွက်၊ ပြည်လုံးကပ်ကျော် ဦးပါရဲနိမ္မိတ ရန်အောင်မြင်စေတီတော်ဘုရားဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် သစ်ပင်စိုက်ပျိုးပွဲကိုဦးဆောင်စိုက်ပျိုးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်ဦး၊ မြို့နယ်ဥက္ကဋ္ဌဒေါ်ခိုင်ခိုင်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များ စုပေါင်းစိုက်ပျိုးကြသည်။

ဟင်္သာတခရိုင် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ လေကောင်းလေသန့်ရရှိစေရေးနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်အတွက်ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်းဖြစ်ပြီး ယနေ့သစ်ပင် စိုက်ပျိုးပွဲတွင် ဒေသနှင့်ကိုက်ညီသည့် သစ်မျိုးများ၊ အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့်အပင်များ၊  အရိပ်ရသစ်မျိုးများဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ခရေ၊ ကံ့ကော်၊ မန်ဂျန်ရှား စသည့် သစ်မျိုး(၅)မျိုး စုစုပေါင်း ၃၀၀ ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)