ပန်းတနော် ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုငိ၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာရေးအတွက် ပြည်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြန်မာ့သနပ်ခါးတန်ဖိုးထား အသိပညာပေးဟောပြောပွဲနှင့် Campaign လှုပ်ရှားဆောင်ရွက်မှုအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပန်းတနော်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီတာထက်ကသနပ်ခါး၏ အသုံးဝင်တန်ဖိုးကြီးပုံများ၊ သနပ်ခါးကို ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းလက်ဆင့်ကမ်းလာကြသည့် အကြောင်းအရာများ၊ သနပ်ခါးကို အမြတ်တနိုးလိမ်းခြယ်ကြပုံများနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာစေရန် မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့ကိုယူနက်စကို၏ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ် စာရင်းဝင်ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်များကို ဆွေးနွေးခဲ့ပြီး သနပ်ခါး၏ဆေးဘက်ဝင်ပုံ အကြောင်း အရာများကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် သနပ်ခါးလိမ်းခြယ်ခြင်း Campaign လှုပ်ရှားမှု လက်တွေ့သရုပ်ပြ လိမ်းခြယ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာ အသင်းဝင်များ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သနပ်ခါးချစ်မြတ်နိုးသူများတက်ရောက်ကြသည်။
မြို့နယ်(ပြန်/ဆက်)