ကန်ကြီး‌‌ထောင့်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး (Abate) ခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများဆောင်ရွက်

ကန်ကြီးထောင့် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး (Abate) ခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ည‌နေနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ဆေးရုံးမှ ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီး ရေကန်များအတွင်း အဘိတ်ဆေး(Abate) ခတ်ခြင်းလုပ်ငန်းများနှင့်စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်‌ပေး ခဲ့ကြသည်။ အဆိုပါဆောင်ရွက်ရာနေရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦး၊ မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ကြည့်ရှုအားပေးခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မိုးရာသီကာလအတွင်း ခြင်၊ ပိုးလောက်လန်းများပေါက်ဖွားမှုမရှိစေရန်နှင့် ပြည်သူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရန် အတွက် ကျန်ရှိနေသောကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေး (Abate) ခတ်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး