ပန်းတနော်မြို့နယ်တွင် အခွန်ဆိုင်ရာပညာပေးရှင်းလင်းပွဲကျင်းပ

ပန်းတနော် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပန်းတနော်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင်ယနေ့နံနက်(၁၀း၀၀)နာရီအချိန်က အခွန်ဆိုင်ရာပညာပေး ရှင်းလင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသိန်းဝင်းမှ အခွန်ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားရာတွင် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စားသောက်ဆိုင်လုပ်ငန်းများ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများ၊ ရွှေနှင့်လက်ဝတ်ရတနာများရောင်းချခြင်း လုပ်ငန်းများ၊ လက်ကိုင်ဖုန်း(Handset) များနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချ/ဝန်ဆောင်မှု ဆောင်ရွက်ခြင်းအပေါ် အခွန်အမှတ် တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသိန်းဝင်းက ပြန်လည်ဖြေကြားပေးခဲ့သည်။ ရှင်းလင်းဆွေးနွေးပွဲသို့ ပန်းတနော် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ မြို့နယ်အခွန်ဦးစီးဌာနရုံးမှ ဝန်ထမ်းများနှင့် အခွန်ထမ်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ပြေစာများအပေါ် အခွန်အမှတ် တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်နှင့် လက်ကိုင်ဖုန်း (Handset) များနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချ/ဝန်ဆောင်မှုဆောင်ရွက်ခြင်းအပေါ် အခွန်အမှတ် တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)