စေတုတ္တရာ ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်နှင့် မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်မူးယစ်ဆေးဝါးအလွဲသုံးမှု တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က စေတုတ္တရာမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းက အပြည်ပြည့ဆိုင်မူးယစ်ဆေးဝါး အလွဲသုံးမှုတရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြာပြီး၊ မူးယစ်ဆေးဝါး၏ အဓိပ္ပယ်၊ မူးယစ်ဆေးသုံးဆွဲရခြင်းအကြောင်အရင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဆိုးကျိုးများ၊ လူမှုရေးဆိုင်ရာဆိုးကျိုးများ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များအား ကျောင်းသား/ကျောင်းသူလေးများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)