ကျောင်းကုန်းမြို့၌ အထူးကုဆရာဝန်ကြီးများလှည်းဆိပ်ကျေးရွာသို့ ကွင်းဆင်းကုသပေး

ကျောင်းကုန်း ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျုံ‌ပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် လှည်းဆိပ်ကျေးလက်ကျန်းမာရေးဌာနအပိုင် "ရွှေဘုန်းမြင့်" ဘုန်တော်ကြီးကျောင်း၌ ဒေသခံပြည်သူများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကုသပေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆေးကုသရာသို့ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့ နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့်ကျန်း မာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်မြစန္ဒာညိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေး ရာအဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ အား ပေးကာ အာဟာရဒါနများ လှူဒါန်းခဲ့ကြသည်။

အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသမှုအစီအစဉ်တွင် အထွေထွေရောဂါအထူးကုလူ နာ (၈၂)ဦး၊ ခွဲစိတ်လူနာ(၈)ဦး၊ သားဖွားမီးယပ်လူနာ (၉) ဦး၊ အရိုးနှင့်ထိခိုက်ဒဏ်ရာလူနာ(၃၈)ဦး၊ တယ်လီဗေးရှင်းဓါတ်မှန်ရိုက်ခြင်း (၂၅) ဦး၊ သွားနှင့်ခံတွင်းလူနာ (၃၆) ဦး၊ ကလေးလူနာ(၁၄)ဦး၊ ကိုဗစ်(၁၉)ရောဂါစစ် ဆေးခြင်း (၂) ဦး၊ စုစုပေါင်းလူနာ (၂၁၄) ဦးတို့အားကျန်းမာရေးစောင့် ရှောက်မှုပေးခဲ့သည်။ ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ လိုအပ်သောကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန်လူနာ (၁) ဦး (Hernia) အား ညွှန်းပို့စီစဉ်ခြင်းဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးဌာနက သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)