မအူပင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် (ပန်းချီပြိုင်ပွဲ) ကျင်းပ

မအူပင် ဇွန် ၂၆

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအလယ်တန်းအဆင့် (ပန်းချီပြိုင်ပွဲ) ကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

‌မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ ဉာဏ်ရည်ဉာဏ်သွေးများဖွံ့ဖြိုးတိုးတက်လာစေရန်၊ စိတ်ကူးစိတ်သန်းများ ကောင်းလာစေရန်၊ တီထွင်ဖန်တီးလိုစိတ်နှင့် စူးစမ်းလေ့လာလိုစိတ်များဖြစ်လာစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ မအူပင်မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာ‌ အလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ (၃၅) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေး၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အမှတ်ပေးအကဲဖြတ်ဒိုင်များ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)