ကျိုက်လတ် ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့၌ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများကအခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနကဖြန့်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ ဘက်ပေါင်းစုံမှ ပူးပေါင်း ပါဝင်၊ "ကာကွယ်ကုသ ပြန်လည်ထူထောင်လို့ မူးယစ်ကွင်းဆက် ဖြတ်တောက်စို့" ဆောင်ပုဒ်များ၊ ကဗျာဆရာ မောင်ကျေးဇူး ရေးသားသည့် "အဆိပ်ပန်း" (ကဗျာ) နှင့် ကာတွန်း စသည်တို့ကို အရောင်အသွေးစုံလင်စွာဖြင့် ဝေဝေဆာဆာဖော်ပြထားကြောင်းသိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ် (ပြန်/ဆက်)