မင်းတုန်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မင်းတုန်း ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့နေ့လည် ၁၁ နာရီခွဲတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျောင်းသား ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ဆောင်းပါး၊ ကာတွန်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဗျူဟာ၊ နည်းဗျူဟာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ စသည့် အသိပညာပေးကဏ္ဍများ ပါဝင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)