အိမ်မဲမြို့နယ်၌ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းပွဲကျင်းပ

အိမ်မဲ ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌ ပြေစာအခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်ပြည်တွင်အခွန်များဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြကျော်က ပြည်တွင်းအခွန်များဦးစီးဌာန၏ လိုက်နာကျင့်သုံးနေသော အခွန်ဆိုင်ရာဥပဒေများ၊ တာဝန်ယူ ကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ လိုက်နာဆောင်ရွက်ရန်အချက်များ၊ အခွန်အကြောင်းသိကောင်းစရာများ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရမည့် လုပ်ငန်းများနှင့်စပ်လျဥ်း၍ ပြေစာအပေါ် အခွန်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့် တည်ဆဲအခွန်များ ဥပဒေအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ချစ်သက်လယ်