စေတုတ္တရာ ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး PFIZER JN1) ထိုးနှံပေးလျက်ရှိရာ ဇွန်(၂၅)ရက်နေ့အထိ(၃၉၀)ဦး ထိုးနှံပြီးကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် အသက်(၁၈)နှစ်ပြည့်ပြီး ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ ထိုးနှံခဲ့ခြင်းမရှိသူများနှင့်ကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်ပြီးသူများအား(Pfizer JN1) ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး အဆိုပါကာကွယ်ဆေးသည် ယခင်ထိုးနှံပေးခဲ့သည့် ကာကွယ်ဆေးများထက် ပိုမိုကောင်းမွန်ပြီးအသွင်ပြောင်း ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲပေါင်းများစွာကို ကာကွယ်ပေးနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ထိုးနှံသင့်သော ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(PFIZER JN1)ထိုးနှံရန် ဆေးလုံးရေ (၂၀၀)လုံးရရှိပြီး ဆေးတစ်လုံးလျှင်လူ(၆)ဦးထိုးနှံနိုင်ရာ လူဦးရေ(၁၂၀၀)ဦးထိုးနှံပေးမည်ဖြစ်ကြောင်း ဇွန်လ(၂၅)ရက်နေ့အထိ (၃၉၀)ဦးထိုးနှံပြီးစီးပြီးဖြစ်၍ ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးရေးဦးစီးဌာနမှ သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)