ကျွန်းလှ ဇွန် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူများက ကိုယ်အလေးချိန်ချိန်ခြင်း၊ ကလေးအနေအထားမှန်/မမှန်စစ်ဆေးပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ အပတ်စဉ်ဆောင်ရွက်ပေးကြသည်။
ထို့အပြင် မွေးစမှ အသက်နှစ်နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)