လေးမျက်နှာ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန်ခွာပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာနှင့်ဆီ ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်အားကစားခန်မတွင် ယနေ့နေ့လယ်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေဦးစွာဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မာင်ကြည်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးနေမျိုးအောင်တို့က နေရပ်စွန့်ခွာပြည်သူ (၄၀၃၂)ဦးအား (၁)ဦးလျှင် ဆန်(၂)ပြည်နှင့် ဆီ(၅၀)သား ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံး ပညာရတနာ ခန်းမတွင် တိုက်ပွဲရှောင် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာ စာအုပ်များ ပေးအပ်ခဲ့သည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝးခန်းမတွင် ရေဝင်ရောက်လေ့ရှိသည့် ကျေးရွာများသို့ တိရစ္ဆာန်အစာအနုအိတ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မာင်ကြည်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်တို့က နှစ်စဉ်ရေဝင်ရောက်လေ့ရှိသည့် ကျေးရွာများရှိ မွေးမြူတောင်သူများအား တိရစ္ဆာန်အစာအနုအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)