သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိ‌အောင် မျိုးစပါးပေးအပ်ခြင်း အခမ်းအနားကျင်းပ

သရက်ချောင်း ဇွန် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယမန်နေ့က၂၀၂၅ ခုနှစ်၊ မိုးရာသီမိုးစပါးပန်းတိုင်အထွက်နှုန်းရရှိ‌အောင် ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအား မျိုးစပါးပေးအပ်ခြင်းအခမ်းအနားကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးကျော်ဇင်က မိုးရာသီမိုးစပါးပန်းတိုင်အထွက်နှုန်းရရှိ‌အောင် ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအား အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက တောင်သူများအား ၂၀၂၅ခုနှစ်၊ မိုးရာသီမိုးစပါးပန်းတိုင်အထွက်နှုန်းရရှိ‌အောင် ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအား မျိုးစပါးပေးအပ်ခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ကျော်ဇင်နှင့်တာဝန်ရှိသူများက တောင်သူများအား မိုးရာသီမိုးစပါးပန်းတိုင်အထွက်နှုန်းရရှိ‌အောင်ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအား မျိုးစပါးပေးအပ်ကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)