နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ (၂၀/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လဟယ် ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၀/၂၀၂၅)ကို ယနေ့မွန်းလွဲ(၁၄:၀၀)နာရီအချိန်က နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ဖတ်ကြားတင်ပြပါသည်။ ထို့နောက် နာ‌ဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက အဖွင့်အမှာစကားပြောကြားရာတွင် တင်ဒါအောင်မြင်သသည့် ကုမ္ပဏီများကို စာချုပ်အမြန်ချုပ်ဆိုပြီး သတ်မှတ်အရည်အသွေးပြည့်မှီ‌ရေး သက်ဆိုင်ရာဌာနများမှ ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြား ပါသည်။

ထို့နောက် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မိမိဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှု အ‌ခြေအနေများကို တင်ပြ‌ဆွေးနွေးပြီး လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေခြည်ဖြိုးက မြို့တွင်း အသံကျယ်လောင်စွာ သီချင်းဖွင့်လှစ်မှု သီဆိုမှုများ၊ ဆူပူမှုများ မရှိနိုင်ရေးကို အသိပေး နှိုးဆော်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။

ထို့နောက် ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ မိမိဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုကို တင်ပြကြရာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)