ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်

ကြာအင်းဆိပ်ကြီး ဇွန် ၂၆

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်စေရေးအတွက် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဇွန်လ ၂၄ ရက်နေ့မှစတင်ပြီး ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ကြာအင်းဆိပ်ကြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြူဖြူဝင်း၏ အနီးကပ်ကြီးကြပ် စီမံဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ အချက်အလက်များအား ကောက်ယူစရင်းမှတ်တမ်းသွင်း ၍ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စနစ်တကျထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၎င်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်(၁၈)နှစ်အထက်ရှိ မိဘပြည်သူများအား ထိုးနှံပေးခြင်းဖြစ်ပြီး ထိုးနှံရန်ကျန်ရှိသူများအားလည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)