နတ်မောက်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

နတ်မောက် ဇွန် ၂၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား  ဖြန့်ဝေပေးသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်(ဆောင်းပါး)၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ မောင်ကျေးဇူးရေး သားသော (အဆိပ်ပန်း)ကဗျာ၊ ဖမ်းဆိးရမိမူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးသည့် မှတ်တမ်းဓာတ်ပုံ၊ မူးယစ်ဆေးဝါးပညာပေး (ကာတွန်း)ပုံစသည့် အကြောင်းအရာပါ သတင်းစကားလက်ကမ်းစာစောင်များကို   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ကျောင်းသား/ သူများအား မူးယစ်ဆေးဝါးအန္တရာဘ်ကို သိရှိပြီးရှောင်ရှားတတ်စေရန် ရည်ရွယ်၍ အသိပညာဗဟုသုများရရှိစေရန် သတင်းစကားလက်ကမ်းစာစောင် (၂၀၀)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှဝင်း