ဘိုကလေး ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နေ့လယ်(၁)နာရီခွဲအချိန်တွင် ဘိုကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ အရောက်သွား၍ ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ဥက္ကဋ္ဌထံမှပေးပို့သည် သဝဏ်လွှာကောက်နုတ်ချက်၊ နိုင်ငံတော်အစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မဟာဗျူဟာနှင့် နည်းဗျူဟာများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအတွက် အသိပညာပေး ရေးသားဖော်ပြထားသည့် ဆောင်းပါး၊ ဆောင်ပုဒ်၊ ကဗျာ၊ ကာတွန်းတို့အား ပြည့်စုံစွာ ထည့်သွင်းအသိပညာပေးထားကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)