ကန်ကြီးထောင့်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အသိပညာပေးဟောပြော၊ အမှိုက်ခွဲခြားစွန့်ပစ်မှု အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်

ကန်ကြီးထောင့်  ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)အသိပညာပေးဟော‌ပြောပွဲနှင့် အမှိုက်ခွဲခြားစွန့်ပစ်မှု အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြလေ့ကျင့်ခြင်းတို့အား ယနေ့နံနက်က လဟာဂလူကျေးရွာအုပ်စု၊ အ.လ.က (လဟာဂလူ)တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့်  မြို့မစခန်းမှူး ဒုရဲမှူးကျော်ကျော်လွင်တို့က “မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ ထိခိုက်နှစ်နာမှုများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ” စသည့် အကြောင်းအရယများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပြီး သတင်းစကားလက်ကမ်းစာစောင်များအား ကျောင်းသား/သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးတင်မျိုးထွဋ်က အမှိုက်စို၊အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိသော အမှိုက်များကို စနစ်တကျခွဲခြား စွန်ပစ်တတ်စေရေးအား ဟောပြောခဲ့ပြီး သရုပ်ပြလေ့ကျင်းခဲ့ရာ ကျောင်းသား/သူ လေးများက စိတ်ပါဝင်စားစွာဖြင့် ပူးပေါင်းပါဝင်လေ့ကျင့်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက  ကျောင်းသား/သူလေးများအား မူးယစ် ဆေးဝါးနှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊  စာအုပ်စာစောင်များအားလည်းကောင်း လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အ.လ.က (လဟာဂလူ)ရှိ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)