ကန်ကြီးထောင့် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အမှိုက်ခွဲခြားစွန့်ပစ်မှု အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ညနေပိုင်းက အမှတ်(၃) ရပ်ကွက်ရှိ အ.မ.က (မြို့သစ်)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့က အမှိုက်အမျိုးအစားလေးမျိုးဖြစ်သည့် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိသော အမှိုက်များကို စနစ်တကျခွဲခြား စွန့်ပစ်တတ်စေရေးအား သရုပ်ပြဆွေးနွေးဟောပြောခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာဖြင့် ပူးပေါင်းပါဝင် သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ ဟောပြာပွဲနှင့်သရုပ်ပြပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အ.မ.က(မြို့သစ်)ကျောင်းရှိ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး