ကျောင်းကုန်းမြို့၌ သဘာဝရေပြင်နှင့် အင်းချောင်းများအတွင်းသို့ ငါးကောင်ရေ (၄) သိန်း ငါးမျိုးစိုက်ထည့်

ကျောင်းကုန်း ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ သဘာဝရေပြင်နှင့် အင်းချောင်းများအတွင်းသို့ ယနေ့နံနက် ၈း၃၀ နာရီက ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

အဆိုပါငါးမျိုးစိုက်ထည့်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ ကျုံပျော်ငါးလုပ်ငန်းဦးစီးမှူး ဦးသန်းအောင်မော်၊ ရေကြည် ငါးလုပ်ငန်းဦးစီးမှူး ဦးဝင်းအောင်ခိုင်၊ ကျောင်းကုန်းငါးလုပ်ငန်းဦးစီးမှူး ဦးအေးမင်း၊ ပုသိမ်ခရိုင်ငါးသားဖောက်စခန်းတာဝန်ခံ ဦးမျိုးနိုင်ဦး၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ငါးလုပ် ငန်းဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက သဘာဝရေပြင်နှင့် အင်းချောင်းအတွင်းသို့ ငါးမြစ်ချင်းကောင်ရေ (၂၀၀၀၀၀)နှင့် ငါးခုံးမကြီးကောင်ရေ (၂၀၀၀၀၀)၊ စုစုပေါင်း ကောင်ရေ (၄) သိန်း ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်