ရွှေသောင်ယံမြို့တွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ရွှေသောင်ယံ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၈) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အ.ထ.က(ရွှေသောင်ယံ)၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများအား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ဆောင်ပါးများ၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ၊ မူးယစ်ဆေးသုံးစွဲခြင်း၏စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများဟူ၍ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဗဟုသုတရဖွယ်များကိုထည့်သွင်းဖေါ်ပြထားသည်။

ထိုသို့ ကျောင်းသား၊ကျောင်းသူလူငယ်များအား မူယစ်ဆေးဝါးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းဖြင့် လက်ကမ်းစာစောင်ပါ အကြောင်းအရာများမှတစ်ဆင့် ဗဟုသုတများရရှိကာ လူငယ်များလမ်းမှားမရောက်စေရေး အထောက်အကူပြုမည်ဖြစ်သည်။

မြို့နယ်(ပြန်/ဆက်)