ချောင်းသာ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

ချောင်းသာ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွှဲပိုင်းက အမှတ်(၈)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်သက်ဦးက ဟောပြောပွဲပြုလုပ်ခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဋ္ဌာန၊ ချောင်းသာမြို့ရုံးမှ စာကြည့်တိုက်လက်ထောက်-စာကြည့်တိုက် လက်ထောက်-၃၊ ဒေါ်ရွှေရည်ထက်က မူးယစ်ဆေးဝါးသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကျန်းမာရေးအကြောင်းတို့ကို အကျယ်တဝံ့ ရှင်းလင်းဟောပြောသည်။

ထို့​နောက်နံရံကပ်စာစောင်ပြပွဲကို ဆက်လက်ပြုလုပ်ရာ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနဝန်ထမ်းများက ပြသထားရှိသည့် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့်ကလေးအလုပ်သမားဥပဒေ အကြောင်းအရာများပါရှိသည့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)