အောင်လံမြို့၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

အောင်လံ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၈ နာရီက အောင်လံမြို့၊ အ.ထ.က(ရွာထောင်)ကျောင်း၌ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုကို တားဆီးနှိမ်နင်းရေး၊ “ကာကွယ်ကုသ ပြန်လည်ထူထောင်လို့ မူးယစ်ကွင်းဆက် ဖြတ်တောက်စို့” ဟူသည့် ဆောင်ပုဒ်များ၊ နည်းဗျူဟာ (၃)ရပ်ဖြစ်သည့် သုံးစွဲသူပပျောက်ရေး၊ ထုတ်လုပ်မှုပပျောက်ရေး၊ တားဆီးနှိမ်နင်းရေးနည်းလမ်းများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ အဆိပ်ပန်း၊ “ကမ္ဘာ့ပြဿနာ မူးယစ်ဆေး တစ်ကမ္ဘာလုံးက တိုက်ဖျက်ပေး” စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)