မြောင်းမြ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက Women Clubဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် Women Club အဖွဲ့ဝင်များဖြစ်သော ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ တို့က ပါဝင်ကာရွေးချယ်ထားသော စာအုပ်အသီးသီးဖြင့် ဖတ်ရှုလေ့လာကာ ဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကလျာက ဒေါက်တာသက်ဦး ရေးသားသော ပျော်ရွှင်ကျန်းမာတဲ့ ကလေးများဖြစ်အောင် စာအုပ်ဖြင့်စတင်ဖတ်ရှု၍ စာအုပ်ပါ ခေါင်းစဥ်များအလိုက် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဆက်လက်၍ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင်ဒေါ်ဝါဝါပြည့်စုံက ဒေါက်တာမာမာဆွေ ရေးသားသောမိခင်လောင်းတို့အတွက်ကျန်းမာရေးလမ်းညွှန် စာအုပ်ဖြင့် မိခင်လောင်းများအတွက် ဆောင်ရန်/ ရှောင်ရန် ကျန်းမာရေးအသိပညာများအကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထိုစာဖတ်ဝိုင်းတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်နှင့် ဦးစီးအရာရှိ ဒေါ်ရွှေည်ဝင်းကျော် တို့ကလည်း ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဖြိုး(ပြန်/ဆက်)