ဖျာပုံ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာအုပ်စု၊ နောင်တော်ကြီးကျေးရွာတောင်သူ ဦးဇော်လှိုင်ထွန်း၏ ကွင်းအမှတ်(၄၉၉A)၊ ဦးပိုင်အမှတ်(၁/၁)၊ လယ်မြေ(၂)ဧက၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးဟောပြောခြင်း၊ မိုးစပါးခေါင်နှံမျိုးစေ့ချခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဖျာပုံမြို့နယ်နောင်တော်ကြီး ကျေးရွာစိုက်ပျိုးပညာပေးရေစခန်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဟောပြောရာတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး ကအဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအောင်က မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဟောပြောခြင်းနှင့် မျိုးစေ့ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ဆွေးနွေးပြောကြားရာ အခမ်းအနားသို့ တက်ရောက်လာကြသော တောင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ဖျာပုံခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအောင်၊ ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များမှ အသိပညာပေးဟောပြောပွဲ့သို့ တက်လာကြသော တောင်သူများအား ပေါ်ဆန်းယဥ်မျိုးသန့်စပါးများ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ ပေါ်ဆန်းစပါး ခေါင်နှံစနစ်ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြရာသို့ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တောင်သူများမှ လှည့်လည်ကြည့်ရှုအား ပေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)