မင်းတုန်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပ

မင်းတုန်း ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပရာ အ.ထ.က မင်းတုန်းမှ Grade-9 ကျောင်းသား၊ ကျောင်းသူ(၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်ပြပွဲတွင် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဖမ်းဆီးရမိသည့် တရားမဝင် မူးယစ်ဆေးဝါးပုံများ ပြသခဲ့သည်။ ထို့နောက် ဟောပြောပွဲ ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက တရားမဝင်မူးယစ်ဆေးဝါး သုံးစွဲသူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးပြသနာ နောက်ဆက်တွဲ ဆိုးကျိုးများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)