ကျိုက်လတ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

ကျိုက်လတ် ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက အမှတ်(၁)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူက လမ်းလျှောက်ခြင်းနှင့် အားကစားပြုလုပ်ခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ လူငယ်နှင့်အားကစား၊ အားကစားနှင့်လေ့ကျင့်ခန်း၏အဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစား၏ ထူးခြားသည့်ဝိသေသများအကြောင်းတို့ကို ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ခန်းများ သင်ကြားပေးခဲ့ကြောင်းသိရသည်။

အဆိုပါ“အသိပညာပေးဟောပြောပွဲ"သို့ အမှတ်(၁)အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်