အောင်လံမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

အောင်လံ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက အောင်လံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အောင်လံခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ခေါင်းဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)၊ အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ညီညီထွန်းက အဂတိလိုက်စားမှု အဓိပ္ပာယ်ဖွင့်ဆိုချက်အား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)၊ အဖွဲ့ဝင် ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဦးထင်ကျော်သူက အဂတိလိုက်စားမှုနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းများ ဆက်စပ် ပတ်သက်ဆောင်ရွက်ချက်များပြောကြားခဲ့ပြီး၊ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့(CPU)၊ အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဒေါ်အေးအေးသွယ်က အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ပြဌာန်းထားသည့် ပုဒ်မများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)၊ အဖွဲ့ဝင် ခရိုင် စာရင်းစစ်ရုံးမှ စာရင်းစစ်မှူး ဒေါ်စန္ဒာက အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ပြီး၊ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)၊ အဖွဲ့ဝင် ဦးစီးအရာရှိ ဦးသိန်းဦးက အခွန်ရှောင်ရှားခြင်း/ တမ်းရှောင်ခြင်းတို့သည် အဂတိလိုက်စားမှုဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး၊ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)၊ အဖွဲ့ဝင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစိုးထွန်းက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)