ကျိုက်လတ်၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ပုံအား အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းဆောင်ရွက်

ကျိုက်လတ် ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ပုံအား အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက် မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်ဝင်းကအမှိုက်များအား ခွဲခြားစွန့်ပစ်ရန်လိုအပ်ကြောင်းနှင့်အမှိုက်အမျိုးအစား(၄)မျိုးဖြစ်သည့် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိသော အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရေး မြို့မဈေးကြီးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်မိဘပြည်သူများအား အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြသည်။

ဆက်လက်၍ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာ ရုံးများတွင်လည်း အမှိုက်(၄)မျိုး စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် အသိပညာပေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်