မင်းလှမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး အသိပညာပေး ဟောပြောပွဲကျင်းပ

မင်းလှ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်တတ်သည့် အချိန်၊ နေရာ ဒေသအကြောင်းအရာများ၊ ဘေးအန္တရာယ်များ ကျရောက်လာပါက ဆောင်ရန်၊ ရှောင်ရန်နှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက်စဉ် လိုက်နာဆောင်ရွက်ရမည့် ငလျင်ဘေးနှင့်ရေဘေးအန္တရာယ်ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ အကြောင်းကို အသိပညာ‌ပေးဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)