တမူး ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါကြို တင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက်(၉) နာရီအချိန်က အဘိတ်ဆေးခတ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဘိတ်ဆေးခတ်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အ.လ.က(ခွဲ) အ.မ.က(၁)နှင့် မြို့မဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ရှိရေကန်၊ အိမ်သာရေလှောင်ကန်များ၊ သုံးရေကန်များတွင် ပိုးလောက်လန်းများ မပေါက်ဖွာနိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဘိတ်ဆေးခတ်ခြင်းကို မိုးရာသီတွင် ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရေး၊ ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှကင်းဝေးစေရန်၊ သန့်ရှင်းရေးများနေ့စဉ်လုပ်ဆောင်ရန်၊ ပတ်ဝန်းကျင်ရှိ ခြုံနွယ်များအား ရှင်းလင်းဖယ်ရှားရန်စသည်ဖြင့် ခြင်ကြောင့်ဖြစ်ပွားတတ်သောရောဂါအန္တရာယ်မှ ကင်းဝေးစေရန် အသိပညာပေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)