ပန်းတနော်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ပန်းတနော် ဇွန် ၂၅

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ရောက်ရှိမည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မဈေး၌ သွားရောက်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၂ဝ၂၄) ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်အပါအဝင် မဟာဗျူဟာ (၂)ရပ် နည်းဗျူဟာ(၃)ရပ်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာ အကြောင်းအရာများ အပါအဝင် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များစုံလင်စွာ ဖော်ပြပါရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)