မြန်အောင်မြို့နယ်၊ အင်ပင်မြို့ အ.ထ.ကအင်ပင်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မြန်အောင် ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အင်ပင်မြို့ အ.ထ.ကအင်ပင်အောင်သပြေခန်းမတွင် ယမန်နေ့နံနက်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်အောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(၂) ဟင်္သာတမှ ရဲအုပ်လွှမ်းမိုးထွန်းတို့က လူကုန်ကူးမှု၏အဓိပ္ပာယ်၊ လူကုန်ကူးမှုဖြစ်နိုင်သော ပတ်ဝန်းကျင်အခြေအနေများ၊ လူကုန်ကူးမှုကို ကြိုတင်ကာကွယ် တားဆီးနိုင်ရန်နည်းလမ်းများ၊ သတင်းပေးပို့ခြင်းနှင့်ဆက်သွယ်ဆောင်ရွက်ခြင်း၊ အတတ်ပညာသာမက အသိပညာဗဟုသုတပြည့်စုံမှုဖြင့် ဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ပုံများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ကြသည်။

အ.ထ.က အင်ပင်၌ ကျင်းပပြုလုပ်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ မြန်အောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းလိူင်ဦး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(၂) ဟင်္သာတမှ ရဲအုပ်လွှမ်းမိုးထွန်း၊ အင်ပင်မြို့ အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်၊ အင်ပင်နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်စိုးဦး၊ ရပ်ကွက်အုပ်မှူးများ၊ အ.ထ.ကအင်ပင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုမာအောင်နှင့် ဆရာ/ဆရာမများ၊ အ.ထ.က အင်ပင်မှ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စုစု‌ပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်